Unicode Font and Keyboard for Mac

Kyaw Htut
2 min readSep 18, 2019

--

ကျနော်တို့ နောက်လ ကျရင် ယူနီကုဒ် ပြောင်းသုံးကြတော့မှာဆိုတော့ ကိုယ့်စက်မှာ ယူနီကုဒ်ဘယ်လိုထည့် မလဲပေါ့။ အဲဟာနဲ့ပတ်သက်ပြီး ကျနော့် Mac မှာသွင်းပုံသွင်းနည်းလေးကို ပြောပြချင်လို့ပါ။

ကျနော်တို့ အရင်ဆုံး Keyboard ရယ် Font File ကို ဒေါင်းကြတာပေါ့။ Keyboard အတွက် ဒီမှာဒေါင်းပါ။ Font အတွက် ဒီမှာဒေါင်းပါ။

ဒေါင်းလို့ပြီးသွားရင် ကျနော်တို့ Mac ရဲ့ Default ပါတဲ့ Myanmar Font ဖြစ်တဲ့ Myanmar MN နဲ့ Myanmar Sangam MN ကို Disable လုပ်လိုက်ပါ။ Disable လုပ်ဖို့က Spotlight ကိုဖွင့်ပြီး Font Book ကိုဖွင့်ပြီး Disable လုပ်မဲ့ Font ၂ ခုကိုရှာပြီး Disable လုပ်လိုက်ပါ။

ပြီးရင် ကျနော် ပေးထားတဲ့ Link ကိုဒေါင်းလိုက်ရင် Font.zip ကို ဖြည်ပြီး Folder ထဲမှာပါတဲ့ Font ၄ ခုထည့်ပေးထားပါတယ်။​ ကိုယ်နှစ်သက်ရာ File ကို Double click ပြီးဖွင့် လိုက်ပါ။ ကျနော်ကတော့ အခု Pyidaungsu Font ကို သွင်းမှာပါ။

Double click result
အခုလိုတက်လာပါလိမ့်မယ်။ ပြီးရင် Install Font ကိုနှိပ်ပြီး Install လုပ်လိုက်ပါ။

Font လဲသွင်းပြီးပြီဆိုတော့ ကျနော်တို့ Keyboard သွင်းပါမယ်။ Keyboard သွင်းဖို့အတွက် “Finder” ကိုဖွင့်ပြီး menu bar ရှိ Go > Go to folder တွင် ‘ /Library/Keyboard Layouts ’ ဟု ရိုက်ရှာပါ။

ပြီးရင်ကျနော်တို့ Down ထားတဲ့ Keyboard Folder ထဲက Myanmar3 — QWERTY.bundle ကို Copy လုပ်ပြီး Keyboard Layouts ထဲ Paste လုပ်ပေးပါ။

ပြီးရင် Preferences > Keyboard > Input Sources > Burmese > Myanmar3 — QWERTY ကို Add လုပ်ပါ။

Myanmar3- QWERTY ကိုထည့်ပါ။

ဒါဆိုရင်တော့ ယူနီကုဒ် ကီးဘုတ်ရော ဖောင့်ပါ ထည့်ပြီးသွားပါပြီ။ အင်္ဂလိပ်ကီးဘုတ်နှင့် မြန်မာကီးဘုတ်ကို (Command + Space bar) နှိပ်ပြီး တစ်လှည့်စီ ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ဒီ Article ကတော့ ကျနော် Mac မှာထည့်ဖို့ရှာရင်း တွေ့တဲ့ Site ကနည်းလေးကို အတိုချုံ့ပြီးရေးလိုက်တာပါ။ အောက်မှာ မူရင်း ဆိုဒ် လင့်ခ် ထည့်ပေးထားပါတယ်။

http://nayzaraung.com/post/unicodeOnMac/

နောက်ကျရင်တော့ Window 7, Window 8 မှာ Unicode လဲသုံးချင်တယ်။ Window 10 မှာလို Keyboard နဲ့လဲရိုက်ချင်တဲ့သူတွေအတွက် ထည့်နည်းလေး ပြောပြပေးပါမယ်။

သူ့အတွက်လဲ မူရင်းဆိုဒ်ကို ထည့်ပေးလိုက်ပါတယ်။​ လုပ်ချင်တဲ့သူတွေအတွက် လုပ်ကြည့်လို့ရအောင်လို့ပါ။

Sign up to discover human stories that deepen your understanding of the world.

--

--

Kyaw Htut
Kyaw Htut

No responses yet

Write a response